အမူအကျင့်ကို နားလည်မှ ဆက်ဆံရ လွယ်ကူလာမယ်

လူတစ်ဦးရဲ့ အမူအကျင့်ကို တဒင်္ဂကာလအတွင်း တစ်မျိုးကနေ နောက်တစ်မျိုးဆီ ဘယ်လောက်လျင်မြန်စွာ ပြောင်းလဲနိုင်သလဲ ဆိုတာကို အံအားသင့်စရာ ကောင်းလောက်အောင် ကြုံတွေ့ ဖူးပါသလား။ 

မလိုလားအပ်ဆုံး အမူအကျင့် ဆယ်မျိုးကို ရှေ့ဆောင်းပါးတွေမှာ တင်ပြခဲ့ပြီးပါပြီ။ အဲဒီ အမူအကျင့်တွေဆီ ဦးတည်တဲ့ ခင်ဗျားရဲ့ စိတ်နေသဘောထားကို ပြောင်းလဲရာမှာ ပထမဦးဆုံး အဆင့်ကတော့ အဲဒီ အမူအကျင့်တွေကို နားလည် သဘောပေါက်အောင် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။
အဓိက သော့ချက်က လူတွေအနေနဲ့ အခြေအနေ အရပ်ရပ်ကို တုံ့ပြန်ရာမှာ ထားရှိတဲ့ “ရည်ရွယ်ချက် လေးရပ်” နဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုအဆင့်နဲ့ အာရုံ ပြတ်သားစွာ စူးစိုက်နိုင်မှုဆိုတဲ့ “ကိန်းရှင်နှစ်ရပ်” တို့ပဲ ဖြစ်ပါတယ်။ လူတွေရဲ့ ဓလေ့စရိုက်ဟာ မလှုပ်မယှက် နေခြင်း (မိမိကိုယ်ကို ယုံကြည်မှု နည်းပါးခြင်း) မှသည် တွန်းတွန်းတိုက်တိုက် တုံ့ပြန်တတ်ခြင်း (မိမိကိုယ်ကို ပိုမိုယုံကြည်ခြင်း) ဆိုတဲ့ အစွန်း နှစ်ဖက်ကြားမှာ ရှိကြပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု အဆင့်အတန်းဟာ အခြေအနေ အရပ်ရပ်ရဲ့ သြဇာ လွှမ်းမိုးမှုအောက်မှာ ရှိနေတတ်ပါတယ်။ စိန်ခေါ်မှု သို့မဟုတ် အခက်အခဲ သို့မဟုတ် ဖိအားများနဲ့ ရင်ဆိုင် ကြုံတွေ့ရတဲ့အခါ လူတွေဟာ သူတို့ရဲ့ ပုံမှန် သက်သောင့်သက်သာ ရှိရာ ဇုန်က ထွက်ခွာပြီး ပိုမိုပြီး မလှုပ်မယှက်ခြင်း ဖြစ်နိုင်သလို တွန်းတွန်းတိုက်တိုက် ရန်လိုတဲ့ သဘော လက္ခဏာလည်း ဆောင်လာတတ်ပါတယ်။

အခြေအနေ တစ်ရပ်မှာ အာရုံပြတ်သားစွာ စူးစိုက်နိုင်မှု အဆင့်ဟာ အခြေခံအားဖြင့် လက်ဝယ်ရှိ အလုပ်ပေါ်မှာ ဖြစ်နိုင်သလို ဆက်ဆံရေးများ အပေါ်မှာလည်း ဖြစ်နိုင်ပါတယ်။ အခက်အခဲ သို့မဟုတ် ဖိအားနဲ့ ကြုံဆုံ နေရချိန်များမှာ လူအများစုဟာ “ဘာ” (အလုပ်) အပေါ်မှာ သို့မဟုတ် “ဘယ်သူ” (လူပုဂ္ဂိုလ်) အပေါ်မှာ ပိုမို အာရုံစူးစိုက် နိုင်ပါတယ်။ ယခုအခါ ကိန်းရှင်နှစ်ခုကို စုစည်းလိုက်ပါ။ လူတစ်ဦးဟာ “လူပုဂ္ဂိုလ်” အပေါ် တွန်းတွန်းတိုက်တိုက် ရန်လိုစွာ (စစ်တိုက်သလို) သို့မဟုတ် မိမိကိုယ်ကို ယုံကြည်စွာ (ပူးပေါင်း ပါဝင်ဆောင်ရွက်သလို) သို့မဟုတ် မလှုပ်မယှက်ပုံစံနဲ့ (တင်ပြ လျှောက်ထားသလို) ဖြစ်နိုင်သလို “အလုပ်တစ်ခု” အပေါ်တွန်းတွန်းတိုက်တိုက် ရန်လိုစွာ (ဆုံးဖြတ်ချက် အထင်အရှား ချမှတ်သလို) သို့မဟုတ် မိမိကိုယ်ကို ယုံကြည်မှုရှိစွာ (ပူပေါင်း ဆောင်ရွက်သလို) သို့မဟုတ် မလှုပ်မယှက် ပုံစံနဲ့ (နောက်ဆုတ်သလို) အာရုံစူးစိုက်မှု ပြုနိုင်ပါတယ်။

ပုံမှန်အားဖြင့် ကျွန်တော်တို့ အသီးသီးမှာ သက်သောင့်သက်သာ ဇုန်တစ်ခုစီ ရှိကြပါတယ်။ စိန်ခေါ်ခြင်း သို့မဟုတ် အခက်အခဲ သို့မဟုတ် ဖိအားပေးခြင်းတို့လို အမူအကျင့်က ကျွန်တော်တို့ အနေနဲ့ ဇုန်တစ်ခုကို ကျောခိုင်းသွားအောင် သက်ရောက်မှု ရှိပါတယ်။ အမူအကျင့်တိုင်း (လက်ခံနိုင်သည် ဖြစ်စေ ပြဿနာ ဖြစ်စေ) မှာ ပြီးမြောက်အောင် အားထုတ် ဆောင်ရွက်နေတဲ့ အခြေခံ အာရုံကျမှု သို့မဟုတ် ရည်ရွယ်ချက် တစ်ခုရှိပါတယ်။ အခြေအနေအလိုက် လူတွေ ဘယ်လို တုံ့ပြန်ကြမလဲ ဆိုတာကို ဆုံးဖြတ်ပေးတဲ့ ယေဘုယျ အာရုံကျမှု လေးရပ်ကို ကျွန်တော်တို့ ထုတ်ဖော် တွေ့ရှိခဲ့ပါတယ်။ အဲဒါတွေကတော့
(၁) အလုပ်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း။
(၂) အလုပ်ကို မှန်ကန်စွာ ဆောင်ရွက်ခြင်း။
(၃) လူပုဂ္ဂိုလ်တွေနဲ့ အဆင်ပြေပြေ ပလဲနံပသင့် စေခြင်း။
(၄) လူပုဂ္ဂိုလ်တွေဆီက ကျေးဇူးတင် အသိအမှတ်ပြုမှုကို ခံယူခြင်း။

(အထက်ပါလေးချက်ဟာ လူတွေကိုနိုးကြား တက်ကြွလာအောင် လုပ်ဆောင်ပေးတဲ့ ရည်ရွယ်ချက်တွေ သာမကဘဲ ခက်ခဲတဲ့ အမူအကျင့်တွေကို နားလည် သဘောပေါက်ဖို့နဲ့ ရင်ဆိုင်ဖြေရှင်းဖို့အတွက် အသုံးဝင်တဲ့ အခြေခံမူ ဘောင်တစ်ခု အဖြစ်လည်း ပံ့ပိုးပေးပါတယ်) အဆိုပါ အာရုံကျမှုတွေကို ကဖျက်ယဖျက် အလုပ်ခံရပြီဆိုရင် အခက်အခဲတွေ ပေါ်ထွက်လာပါတယ်။ လူတွေရဲ့ အမူအကျင့်တွေဟာ အစောပိုင်းက မီးမောင်း ထိုးတင်ပြခဲ့တဲ့ ဆက်ဆံရခက်ခဲတဲ့ အမူအကျင့်တွေ အဖြစ်ဆီ ဦးတည်သွားအောင် အစွန်းတစ်ဖက်ဆီ အထိ တွန်းပို့ခြင်း ခံရနိုင်ပါတယ်။

ဖော်ပြပါ ကားချပ်မှာ အာရုံကျမှု လေးရပ်က အမူအကျင့် လေးရပ်နဲ့ ဘယ်လို ဆက်နွှယ်နေတယ် ဆိုတာကို ဖော်ပြထားပါတယ်။ အာရုံကျမှုတွေဟာ အမူအကျင့်တွေကို အပြောင်းအလဲ ပြုနိုင်တဲ့ လူပုဂ္ဂိုလ်နဲ့ အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး အစဉ်သဖြင့် ရွေ့လျားနေကြပါတယ်။ ဒါကြောင့်ခင်ဗျားဟာ
 
(၁) အာရုံကျမှု လေးရပ်ကိုနားလည်ရပါမယ်။
သူတို့အားလုံးမှာ ကျွန်တော်တို့ရဲ့ဘဝတာအတွင်း ကာလနဲ့ ဒေသအသီးသီး ရှိကြပါတယ်။ ကျွန်တော်တို့ သူတို့ကို ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်တဲ့ အခါမှာ ရလဒ်ဟာ ပိုမိုအောင်မြင်ပြီး ဖိအားနည်းပါးပါတယ်။

(၂) ဆက်သွယ်ရေးအဆင်သဏ္ဌာန်တွေ (စကားလုံးများ၊ လေသံနဲ့ လက်ဟန်ခြေ ) အပေါ်မှာအာရုံစိုက်ပါ။
အဲဒါတွေရဲ့အခြေခံ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသပြီး သူတို့နဲ့ ဘယ်လိုဆက်ဆံ ရမလဲဆိုတာကို ညွှန်ပြပါတယ်။

(၃) ဆက်ဆံရခက်သူမဖြစ်ပါစေနဲ့။
 
ခင်ဗျားရဲ့အာရုံကျမှုတွေ ကဖျက်ယဖျက် အလုပ်ခံခဲ့ရတဲ့ အခါမှာ ခင်ဗျားဟာ ဆက်ဆံရခက်ခဲသူ တစ်ဦးဖြစ်လာ နိုင်ပါတယ်။ လူတွေဟာ ဘာကြောင့် သူတို့ ပြုမူ ကျင့်ကြံကြရသလဲ ဆိုတာကို ခင်ဗျားနားလည် သိရှိတာနဲ့အမျှ ခင်ဗျားဟာ မိမိကိုယ်ကို ပိုမိုပြီး ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

Ref:http://news.yatanarpon.com.mm/cp/hrjournal/article-10829

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons