BA သင်တန်း လျှောက်ထားနည်း

BA သင်တန်း လျှောက်ထားပုံ လျှောက်ထားနည်း

MBA သင်တန်း ဝင်ခွင့် လျှောက်ထားသည့် လုပ်ငန်းစဉ်သည် မိမိကိုယ် မိမိ ပေါ်လွင်အောင် တင်ပြမှု အပါအဝင် အရေးကြီးသည့် လုပ်ငန်းစဉ်ပေါင်း  များစွာ ပါသည်။ ဝင်ခွင့် အတိုင်ပင်ခံ ပညာရှင် တစ်ဦး ဖြစ်သူ စတေရှင်လက်မန်းက သူမ၏ အကြံပြုချက်များကို ဤသို့ ဖော်ပြထားသည်။ ဘယ်နေရာ၊ ဘယ်ကျောင်း လျှောက်ရမလဲ၊ ဘယ်နှခု လျှောက်ရမလဲ၊ ဆောင်ရန်- စိတ်ကူးယဉ်ထားသည့် တက္ကသိုလ် တစ်ခုကို လျှောက်ပါ။ လျှောက်ထားခွင့် ရှိသည်။ မလျှောက်ထားမိ၍ နောင်တရသည့် အဖြစ်မျိုးကို ရှောင်ရှားနိုင်သည်။ အောင်မြင်မည့် အလားအလာများ အမြင့်မားဆုံး ဖြစ်စေရန် အတွက် ပြိုင်ဆိုင်မှု အနည်းအများ အမျိုးမျိုး ရှိသော ကျောင်းတစ်ကျောင်းကို လျှောက်ပါ။ ၆ ကျောင်းထက် ပိုမလျှောက်ပါနှင့်။ အလွန် အချိန်ကုန်သည်။ ကျောင်းအများကြီး လျှောက်လျှင် ပင်ပန်းပြီး အကျိုးများစရာ အလားအလာ မရှိ။ ဘယ်ကျောင်း လျှောက်ရမည်ကို ရွေးသည့် အခါ၌ ကောလာဟလများ၊ အခြားသူများ၏ သဘောထားများကို အားကိုး အားထား မလုပ်ပါနှင့်။ ကျောင်းများကို ကိုယ်တိုင် သွားရောက် လေ့လာခြင်း၊ လက်ရှိ ကျောင်းသားဟောင်းများနှင့် စကားပြောဆိုခြင်းများကို လုပ်ပါ။

မည်သည့်ကျောင်းသည် မိမိ၏ ရည်မှန်းချက်၊ မိမိ၏ ကိုယ်ရည် ကိုယ်သွေးနှင့် အကိုက်ညီဆုံး ဖြစ်မည် ဆိုသည်ကို ကိုယ်သာလျှင် ဆုံးဖြတ်နိုင်သည်။ GMAT စာမေးပွဲကို အလေးအနက်ထားပြီး ဖြေပါ။ စာမေးပွဲသည် ကိုယ်တတ်နိုင်သည့် နယ်ပယ်၌ ပါဝင်နေသည်။ အရည်အသွေး မြင့်မားသည့် ကျောင်းသားလောင်း များစွာ ရှိနေသည့် အချိန်၌ GMAT စစ်ဆေးကာ ထုတ်ဖော်နိုင်သည်။ လိုအပ်လျှင် သေသေချာချာ ပြင်ဆင်နိုင်ရန် သင်တန်း တစ်ခု တက်ပါ။ လက်တွေ့ စာမေးပွဲ ဖြေရသလို ဖြေကြည့်ပါ။ အချိန်ယူပြီး လေ့လာပါ။ အောင်မြင်ရန် အတွက် အဓိက ကျသည့် အချက် တစ်ခုမှာ ကွန်ပျူတာနှင့် ဖြေဆိုရသည့် မေးခွန်း ပုံစံများနှင့် ရင်းနှီး ကျွမ်းဝင်မှု ရှိရန် ဖြစ်သည်။ တစ်ကြိမ်မက စာမေးပွဲ ဖြေပါ။ ကြာလာလျှင် အတွေ့အကြုံ ရလာခြင်း၊ အကြောက်အရွံ့ နည်းလာခြင်း တို့ကြောင့် နောက်အကြိမ်များ၌ အမှတ် မြင့်စေနိုင်သည်။ ဘယ်လောက် မှားမှား ဖျက်မပစ်ပါနှင့်။ မကျေနပ်လျှင် အဖြေလွှာကို မတင်ဘဲ နေနိုင်သည်။ ထိုဖြေဆိုမှုမှ ရရှိသည့် အမှတ်များကိုလည်း မယူဘဲ နေနိုင်သည်။ ကျောင်းများက အမြင့်မားဆုံး အမှတ် အပေါ်၌ မူတည်၍ အကဲဖြတ်ကြမည်။ သို့ဖြစ်၍ အမှတ် နည်းသည့်အတွက် မစိုးရိမ်ပါနှင့်။ စာမေးပွဲနှင့် ပတ်သက်၍ ကိုယ့်အားသာချက်၊ အားနည်းချက်များကို စာမေးပွဲ အမှတ်များက ဖော်ပြသည်။ အမှတ် ထွက်လာသည့်အခါ ကိုယ်ထင်သလို အမှတ် မနည်းဘဲ နေသည်ကို တွေ့ရနိုင်သည်။

စာမေးပွဲ ဖြေခါနီးကျမှ ကပ်မပြင်ပါနှင့်

နှစ်အစောပိုင်း ကတည်းက ကြိုတင် ပြင်ဆင်ထားပါ။ စာမေးပွဲ နီးသည့်အခါ လျှောက်လွှာ အတွက်ပင် အချိန်ပေးနေရမည်။ နှစ်ခေါက် လေ့လာရန်၊ အစမ်း ဖြေဆိုရန် အချိန်ယူပါ။ GRE အဖြေကိုလည်း ဖြေဆိုကြည့်ရန် စဉ်းစားကြည့်ပါ။ GRE ကို စီးပွားရေးလုပ်ငန်း ပညာသင် တက္ကသိုလ်များက ထည့်မတွက်ပါ။ သို့သော် GMAT တွင် အမှတ်ကောင်းထားပြီး အခြား အားသာသည့် အချက်များလည်း ရှိသည်ဆိုလျှင် GRE အမှတ် တင်သွင်းခြင်းကြောင့် ကိုယ့်ကို ပို၍ အခွင့်အရေး ပေးစေနိုင်သည်။ GMAT အမှတ်ကောင်းနေလျှင် GMAT အမှတ်ကိုလည်း တင်လိုက်ပါ။ သို့သော် ကိုယ့်အမှတ် နိမ့်နေလျှင် GRE က အထောက်အကူ ဖြစ်စေနိုင်သည်။

ထောက်ခံစာများ

လုပ်ငန်းခွင်မှ ထောက်ခံစာ ကောင်းကောင်း ရရန် အတတ်နိုင်ဆုံး ကြိုးစားပါ။ ပညာရှင်များက လုပ်ငန်းနှင့် ပတ်သက်သည့် မေးခွန်း တော်တော်များများကို ဖြေနိုင်ကြမည် မဟုတ်။ စီးပွားရေးလုပ်ငန်း ပညာသင် တက္ကသိုလ်များက မိမိ၏ လုပ်ငန်းခွင် အတွေ့အကြုံများကို ရှာဖွေ ဖော်ထုတ်လေ့ ရှိသည်။ လက်ရှိ အလုပ်အကိုင်နှင့် ရှေ့က အလုပ်အကိုင်များမှ ထောက်ခံစာများကို ယူပါ။ နောက်ဆုံး လုပ်ငန်းခွင်မှ ထောက်ခံစာများသည် လက်ရှိ ကိုယ်ဘယ်လို ဖြစ်သည်ကို ဖော်ပြနိုင်သည်။ လွန်ခဲ့သည့် ရှေ့နှစ်က သင်မည်ကဲ့သို့ လုပ်ကိုင်ခဲ့သည်ကို ဝင်ခွင့် စစ်ဆေးရေး ကော်မတီက စိတ်ဝင်စားခြင်း မရှိပါ။ ကိုယ့်အကြောင်းကို ကောင်းကောင်း မသိသည့် နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ထံမှ ထောက်ခံစာ ရယူရန် မကြိုးစားပါနှင့်။ ကိုယ့်ကို အကဲဖြတ်သူသည် အဓိပ္ပာယ်ရှိရှိ အကဲဖြတ်နိုင်ပါစေ။ ကိုယ့်ကို ထောက်ခံမည့် သူများကို သေသေချာချာ ပြင်ဆင်ပါ။ ထိုထောက်ခံစာများသည်လည်း မိမိ၏ စီမံခန့်ခွဲမှု စွမ်းရည်ကို ပြသသည့် အစမ်း စာမေးပွဲငယ်များသဖွယ် ဖြစ်သည်။ ကိုယ့်ကို ထောက်ခံမည့်သူများ အချိန်မီ ထောက်ခံစာ မပေးလျှင်၊ အခြား ညွှန်ကြားချက်များကို သေသေချာချာ မလိုက်နာခဲ့လျှင် ဤအချက်က မိမိ၏ စီမံခန့်ခွဲမှု အရည်အသွေးကို ပြသနေသည်။

စာစီစာကုံး

စာစီစာကုံးများကို သေသေချာချာ ရေးပါ။

အင်တာဗျူး

အင်တာဗျူး အတွက် သေချာ ပြင်ဆင်ရန် လိုသည်။ အင်တာဗျူးတွင် အဓိက စိတ်ဝင်စားသည့် အကြောင်းအချက်မှာ မိမိ အကြောင်းပင် ဖြစ်သည်။ ပြင်ဆင်ထားသည့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေသည်ဟု စစ်မေးသူတို့က မျှော်လင့်လေ့ ရှိသည်။ စိတ်ထဲကနေ မဖြေပါနှင့်။ အသံထွက် ဖြေကျင့်ကြည့်ပါ။ မိတ်ဆွေတွေနှင့်သော် လည်းကောင်း၊ မှန်ကြည့်၍သော် လည်းကောင်း ဖြေကြည့်ပါ။ တက္ကသိုလ် ပြင်ပတွင် ဖြေခွင့်ရမည် ဆိုလျှင် တက္ကသိုလ်၌ ဖြေရန် မကြိုးစားပါနှင့်။ တက္ကသိုလ် ပြင်ပ၌ ပို၍ ကောင်းကောင်း ဖြေတတ်လျှင် တက္ကသိုလ်၌ သွားဖြေရန် မကြိုးစားပါနှင့်။ ကိုယ် သက်သောင့်သက်သာ အဖြစ်ဆုံး ဖြစ်သည့် ပတ်ဝန်းကျင်က ရွေးချယ်ကာ အောင်မြင်ရန် အတွက် ပြင်ဆင်ပါ။ အင်တာဗျူး ဖြေပြီးသည့်အခါ ကျေးဇူးတင်ကြောင်း အီးမေးလ်သော် လည်းကောင်း၊ စာသော် လည်းကောင်း ပို့ပါ။

ပြန်လည် လျှောက်ထားခြင်း

ပထမအကြိမ် မအောင်မြင်၍ ပြန်လည် လျှောက်ထားသူများကို ကျောင်းတော်တော်များများက သဘောကျလေ့ ရှိသည်။

မှန်မှန်ကန်ကန် လုပ်လျှင်

ပြန်လည် လျှောက်ထားသူ တစ်ယောက် အနေဖြင့် အတန်အသင့် စိတ်သက်သာရာ ရနိုင်သည်။ ယခင် လျှောက်စဉ်ကထက် မည်သို့ ပြောင်းလဲ တိုးတက်လာသည်ကို သေသေချာချာ ဖော်ပြပါ။ လုပ်ငန်းခွင်၌သော် လည်းကောင်း၊ မိမိ အရည်အချင်းသော် လည်းကောင်း တိုးတက်လာသည်များကို ဖော်ပြပါ။ ယခင် အချိန်က ကြိုးစားသည်ထက် ပိုမို၍ တိုးတက်လာကြောင်း ဝင်ခွင့် စစ်ဆေးသူများ နားလည် သိရှိပါစေ။ လျှောက်လွှာကို လုံးဝ အသစ် လုပ်မပစ်ပါနှင့်။ အချို့ ကျောင်းများက လျှောက်လွှာအသစ် တောင်းခံတတ်သော်လည်း အပြောင်းအလဲတွေ အများကြီး ဖြစ်နေလျှင် မိမိ မရိုးသားသည်ကို ပြသနေသည်။ ကျောင်းအဟောင်းများ အပြင် ကျောင်းအသစ်များကို လျှောက်ပါ။ ပထမအကြိမ် မအောင်မြင်ခဲ့လျှင် ကျောင်းမှား မအောင်မြင်ခြင်း ဖြစ်နိုင်သည်။

ခင်မောင်ညို (ဘောဂဗေဒ)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
... ....
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons