Feature Post 1 :စိတ်တို၊ ဒေါသထွက်ချိန်မှာ
နေ့စဉ်လူ့ဘဝမှာ ကျွန်မတို့ရဲ့ လိုအင်တွေကများခဲ့တယ်။ ရယူတာနဲ့ ဆုံးရှုံးတာကို ကျွန်မတို့အရမ်း ဂရုစိုက်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ခံစားချက်က နိမ့်လိုက်မြင့်လိုက်နဲ့ ကျွန်မတို့ မပျော်ရွှင်ခဲ့ကြဘူး။ .
Feature Post 2 :ဘွဲ့တစ်ခုတည်းရလို့ မျက်နှာငယ်စရာလား
အာသာပြေဘွဲ့ဆိုတာ ဘာလဲ ၁၉၈၆ ခုနှစ်လောက်ကပါ။ အဲဒီ ခေတ်တုံးက ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့က နှစ်စဉ် အထက်တန်းရှေ့နေ စာမေးပွဲ H.G.P လက်မှတ်အတွက် စာမေးပွဲစစ်၏။ အောင်ပါက အလုပ်သင်ရှေ့နေ သင်တန်း တက်ခွင့်ရပြီး အထက်တန်းရှေ့နေ လိုင်စင် အထိ ထုတ်ပေးရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားရုံး အဆင့်အထိ ရှေ့နေလိုက်ခွင့် ရှိပါ၏။ H.G.P သင်တန်းတစ်ခုတွင် သင်တန်းဆရာက သင်တန်းသားတွေကို မေးပါ၏။ ‘ခင်ဗျားတို့ ဘာရည်ရွယ်ချက်နဲ့ ဒီသင်တန်း တက်တာလဲဗျ’ ဟုမေးရာ တစ်ဦးက ‘ရှေ့နေ လုပ်စားချင်လို့ပါ’ ဟုဆို၏။ နောက်တစ်ဦးကတော့ ‘ကျွန်တော်က အမှုသည်ဆရာရဲ့။ အမွေမှု၊ တရားမမှု ဖြစ်နေတယ်။ တရားမမှု ဆိုတာကလည်း ၅ နှစ်၁၀ နှစ်လောက် ကြာတတ်တော့ အမှုတွဲတွေ ဖတ်ရင်း ဥပဒေ စိတ်ဝင်စားလာလို့ လာတက်တာပါ’ ဟုဆိုရာ ဆရာက ခေါင်းညိမ့်၏။ နောက်တစ်ဦးကတော့ ဒီလိုဆိုပါတယ်။ ‘ကျွန်တော်က ရဲဝန်ထမ်းပါ။ ရဲလုပ်ငန်းက ဥပဒေ တတ်သင့်တယ်လေ။ အလုပ်အတွက် အထောက်အကူရအောင် လာတက်တာပါ’ ဟုဆို၏။ နောက်တစ်ဦးကတော့..
Feature Post 3 :လစာဖွဲ့စည်းမှု (ဝါ) အဆောက်အဦ ( Salary Structure)
လစာဆိုသည်မှာ ဉာဏဝန်ထမ်းများအား အချိန်အတိုင်းအတာ သတ်မှတ်ချက် (ဥပမာ- တစ်ပတ်တစ်ခါ (ဝါ) တစ်လတစ်ကြိမ်စသည်) ဖြင့်ပေးရန် ပုံသေသတ်မှတ်ထားသော လစာ/ပေးချေငွေ ဖြစ်သည်။ လစာငွေများကို များသောအားဖြင့် တစ်နှစ် (၁၂) လဟူသော အပိုင်းအခြားဖြင့် သတ်မှတ် ဖော်ပြလေ့ရှိသည်။ အမြဲတမ်း (ယာယီ မဟုတ်သော) ငှားရမ်းမှု သဘာဝကိုပါ ဖော်ပြသည့် သဘော ဖြစ်ပေသည်။ မြန်မာဘာသာဖြင့် လခ (ဝါ) လစာ ဟုခေါ်သည့်အတိုင်း များသောအားဖြင့် တစ်လတစ်ခါ ပေးရပေသည်။ လခစားဝန်ထမ်းများသည် များသောအားဖြင့် .

